ချောင်းဆုံ ဩဂုတ် ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး Table Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် သည်။
ဆွေးနွေးပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးလွင်မင်းပိုင်က သဘာဝဘေးနှင့်ပတ်သက် ပြီး ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် အသိပညာပေးခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း တုံ့ပြန်ဆောင်ရွက်ခြင်း၊ စုဖွဲ့ခြင်းနှင့် စုဆောင်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဦးဆောင် ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များဖြစ်ကြသော မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်မင်း၊ (ထွေ/အုပ်၊ ဘေး/စီမံ၊ ပြန်/ဆက်၊ ဆည်/မြောင်း၊ စည်/ပင်၊ ကျန်းမာရေး၊ လျှပ်စစ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ မော်တော်ယဉ်ထိန်းသိမ်းရေး) ဌာနတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(ချောင်းဆုံ)