အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေ စေရန်နှင့် ဈေးရောင်း၊ ဈေးဝယ်သူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် တောင်သူကုန်း ရပ်ကွက်၊ အောင်မင်္ဂလာ(၃)လမ်းတွင် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့မှ ဒုတိယတာဝန်ခံ SAE ဒေါ်မြမြချိုနှင့် အဖွဲ့က ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် ဈေးများဌာနမှ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ယဉ်ဉ်စန်းနှင့်အတူ မင်းကြီးလမ်းပေါ်ရှိ ဘိုကုန်းဈေးရုံသစ် တည်ဆောက်မှု အပိုင်း(၃)ပြီးစီးမှု အခြေအနေနှင့် ဆောက်ရွက်ဆဲ လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)