မရမ်းကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေး​ရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်း များဆောင်ရွက်

 

မရမ်းကုန်း သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်၊ အမျိုးသားပြန်လည်သန်စွမ်း​ရေး ​ဆေးရုံဝန်ထမ်းအိမ်ရာများ၌ သွေးလွန်တုပ်ကွေး​ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်​ရေး ခြင်​ဆေးဖျန်းခြင်းများကို ယမန်နေ့ နံနက် နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ခြင်း​ဆေးဖျန်းခြင်းကို မရမ်းကုန်းမြို့နယ် ​အဖြူ​ရောင်ပရဟိတအဖွဲ့ဝင်များက​ ဆောင်ရွက်ကြပြီး အိမ်ရာများရှိ ခြင်​​ပေါက်ပွားနိုင်သည့်​နေရာများနှင့် ခြင်ခို​အောင်းနိုင်​သော​နေရာများသို့ ခြင်​ဆေးများ လိုက်လံဖျန်းခြင်းများကို ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)