နောင်ချို ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့) ကွန်ပျူတာသင်တန်း(၁၅)ရက်မြောက်နေ့ကို ယမန်နေ့က သဖန်းကိုင်းပရဟိတကျောင်း ကွန်ပျူတာခန်းမ၌ ဆက်လက်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းနည်းပြ ၈ ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လတာကြာမြှင့်မည်ဖြစ်ကြောင်း၊ သင်တန်းအချိန် နံနက် ၀၈း၃၀ နာရီမှ ၁၁း၃၀နာရီ၊ နေ့လယ် ၂း၀၀နာရီ မှ ၅း၀၀ နာရီနှင့် ည ၇း၀၀ နာရီမှ ၁၀း၀၀ နာရီထိ တစ်နေ့လျှင် (၃)ကြိမ်သင်ကြားပို့ချပေးကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုပါ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)