လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လှိုင် စက်တင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ ညနေ(၃)နာရီက အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးဝန်း အတွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး​​အောင်​ကျော်​ကျော်ဦး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်​ ဒေါ်ခိုင်မာ​ဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး​ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအ​ဝေးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအ​နေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ရှောင်ရန်/ဆောင်ရန်များကို ပူးပေါင်းလိုက်နာဆောင်ရွက်ရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ဘက် ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပမှ ပြန်လာသူနှင့် ရောဂါ ပြင်းထန်သည့် ဒေသများမှ ပြန်လာသည့် ပြည်သူများ၏ အဝင်အထွက်စာရင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်ဆောင်ရွက်ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အမြန်ဆုံး သတင်းပေးပို့သွားရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ရပ်ကွက်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ရပ်ကွက်​နေပြည်သူများ၏ ကျန်းမာ​ရေးအ​ခြေအ​နေအား ကျန်းမာ​ရေးဝန်ထမ်းများနှင့် လိုက်လံ​မေးမြန်း​ဆောင်ရွက်မှုများ ပြုလုပ်​ပေးရန်၊ ရပ်ကွက်တွင်း အဝင် အထွက်များအား စနစ်တကျ မှတ်တမ်းထား​ဆောင်ရွက်ရန်၊ စျေးများအား စနစ်တကျ ကျန်းမာ​ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်​စေရန်၊ အရေးကြီးအကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုဘဲ Stay at Home ဖြင့်သာ နေထိုင်ကြ​ရန် Mask မတပ်သူများနှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ပြင်ပသို့ ထွက်ခွာသူများအား ခံဝန်ထိုးခြင်း​ ဆောင်ရွက်ရန်စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြ​ကြောင်း သတင်းရရှိသည်။

ကြည်​ဇေ​သော်( ပြန်/ဆက်)