မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မန်တုံ သြဂုတ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀:၃၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၈)၊ အမှတ်(၁၅)စာစောင်မှစာရေးဆရာ ဒေါက်တာမြင့်သန်းထွန်းရေးသားသည့် “ရာသီတုပ်ကွေးရောဂါ(H1N1)သို့မဟုတ် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ” ခေါင်းစဉ်ဖြင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့်အများ အကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်းအလေ့အထ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မဆောင်းသဇင်(Grade-9)မှ  ရာသီတုပ်ကွေးရောဂါဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုဖြစ်ပါကြောင်း၊ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူကူးစက်စေနိုင်ကြောင်း အစရှိသည့် အကြောင်းအရာပါစာပိုဒ်အားလည်းကောင်း၊ မလွမ်းစေး(Grade-9)မှ ရာသီတုပ်ကွေးရောဂါကတော့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါကြောင်း၊ ရောဂါပိုးရှိသူရဲ့ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှထွက်ပေါ်လာတဲ့ အစက်အမှုန်(Droplets)တွေဟာ(၆)ပေခန့်အထိ ကူးစက်ပြန့်နှံ့တတ်ကြောင်း အစရှိသည့် အကြောင်းအရာပါ စာပိုဒ်အားလည်းကောင်း၊ မချယ်ရီ(Grade-9)မှ ရာသီတုပ်ကွေးရောဂါဖြစ်ပါက နီးစပ်ရာဆေးခန်း၊ ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေကိုပြသဖို့ လိုအပ်ပါကြောင်း ကျန်းမာရေးဝန်ထမ်းများလိုအပ်ပါက ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေကိုဆောင်ရွက်သွားပါလိမ့်မည်ဖြစ်ကြောင်းအစရှိသည့်စာပိုဒ်ပါ အကြောင်းအရာအားလည်းကောင်းဖတ်ကြားပြီး တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများမှ ရာသီတုပ်ကွေးရောဂါမဖြစ်ဖို့ အခြားလိုက်နာရမည့်အချက်များ၊ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေး ရိပ်သာ၊ ဂေဟာများတွင်ရောဂါမဖြစ်အောင် ဆောင်ရွက်ရမည့်အချက်များ အစရှိသည်တို့ကို ဖတ်ကြားခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)