ချင်းရွှေဟော် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ အား ယနေ့ နံနက်(၁၁)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရုံးခန်းမတွင် နှာခေါင်းစည်း(Mask)များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင် က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့တွင် တာဝန်ထမ်းဆောင် နေကြသော ဌာနဆိုင်ရာဝန်ထမ်း အားလုံးအတွက် နှာခေါင်းစည်း(Mask) ခုရေ(၅၀၀၀) ငါးထောင်အား ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)