ဒဂုံတောင် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ -၆၆/၆) များကို Software Program ရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ -၆၆/၆) များကို Software Program ရေးသွင်းခြင်းကို သတ်မှတ်ရက်အတွင်း ပြီးစီးရေး စာရင်းဇယား မှန်ကန်စေရေး၊ စာရင်းထပ်ကျန်မရှိစေရေးတို့ကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်ကြပြီး လူအင်အားစက်အင်အား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်း စုစုပေါင်း(၉၃၀၁၃)၏ အိမ်ထောင်စုလူဦးရေ စာရင်းများအား သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ရေးသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ကျော်စွာမိုး