ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဌာနဆိုင်များဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံအရှေ့ ဩဂုတ် ၁၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးတွင် မိမိတို့ရုံးသန့်ရှင်း‌လှပရေးနှင့် သစ်လွင်တောက်ပအောင် ဆောင်ရွက်ထားရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေ၊ မြို့နယ်တွင် ရေးစီးရေလာကောင်းမွန်ရေး၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် သက်ဆိုင်ရာဌာနများ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံများ Database ရိုက်သွင်းခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်၍ မိမိတို့မြို့နယ်အနေဖြင့် သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေး ယခင်ကထက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့ကို မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမျိုးသူက ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်မှ ဆွေးနွေးပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှလည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြာခဲ့သည်။ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်းမှ ဆက်လက်၍ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) eID ရေးသွင်းမှုအား အချိန်မီပြီးစီးရေး ဆောင်ရွက်နေမှုတို့အား ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်မှလည်း ပညာရေးဆိုင်ရာ ပူးပေါင်းပါဝင်သည် လုပ်ငန်းများနှင့်ပက်သက်၍ အသေးစိတ် ဆွေးနွေးပြောကြားပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဌာနဆိုင်ရာများ တက်‌ရောက်ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)