ကျိုက်ထို ဩဂုတ် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ဩဂုတ် (၁၀)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရဲညွန့်ထွေးက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက တုံ့ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များကို စနစ်တကျဖြင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဦးဆောင်ဆွေးနွေးရာ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဆုနှင်းစိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သဘာ၀ဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၀င်များ၊ ဆပ်ကော်မတီ၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်