သာကေတမြို့နယ်ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံဆောင်ရွက်

သာကေတ သြဂုတ် ၁၀

န်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် Phase-12 (Sinopharm) ထိုးနှံခြင်း လုပ်ငန်းအား ယနေ့နံနက် (၉:၀၀) နာရီမှ မွန်းလွဲ (၂:၀၀) နာရီအထိ ၃/မာန်ပြေရပ်ကွက်ရှိ အမှတ်() အခြေခံပညာမူလတန်းကျောင်း၊ ၂/မြောက်ရပ်ကွက်ရှိ အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၄၂) အခြေခံမူလတန်းကျောင်းများရှိ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ(၁၄၀) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်း ရှိ၊မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ၊မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့ (၂)ဖွဲ့ဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေးအား ဆက်လက်ထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း (၄၆)ကျောင်း ၊ အလယ်တန်း(၆) ကျောင်း၊ အထက်တန်း (၆)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၈) ကျောင်းရှိအသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၂) နှစ်မှ (၁၈) နှစ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်သည်။

သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအခြေပြုကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ကျောင်းသား၊ကျောင်းသူများ ရာနှုန်းပြည့် လွှမ်းခြုံမှုရရှိစေရန် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ဆေးထိုးနှံရန် အကျုံးဝင်သည့် ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ်၌ (၁၃၄၂၅)ဦးအား ထိုးနှံပြီးစီးခဲ့ပြီး ဒုတိယအကြိမ်၌ ကျောင်းသား၊ကျောင်းသူ (၁၁၃၈၇)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)