ချောင်းဆုံ သြဂုတ်၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေနှင့် သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ၊ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်က ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းပြီး (ပြန်/ဆက်)ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆေးနွေးပွဲ (Talk show)ကို ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် (ပြန်/ဆက်) ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် မြို့နယ် (ဘေး/စီမံ) ဌာနမှ ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းတို့က မုန်တိုင်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများဖြစ်စေသည့် အကြောင်းအရင်းများမဖြစ်မီ ဆောင်ရွက်ရန်၊ ဖြစ်စဉ်ဆောင်ရွက်ရန်၊ ဖြစ်စဉ်ပြီးနောက် ဆောင်ရွက်ရန် အချက်များကိုလည်းကောင်း၊ မုန်တိုင်းအခြေအနေကြေညာရာတွင် နားလည်ရန် လိုအပ်သည့် အရောင်နှင့်မုန်တိုင်းအဆင့်များ မုန်တိုင်းကျရောက်စဉ်လုပ်ဆောင်ရမည့် အကြုံပြုချက်များကိုလည်းကောင်း၊ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)