ရပ်စောက် ဩဂုတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီချောင်းရေလျှံတက်လာမှုကြောင့်ဘေးလွှတ်ရာသို့ ပြောင်းရွေ့နေထိုင်သည့် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်မှ ပြည်သူများအားထောက်ပံ့ငွေနှင့် စားသောက်ကုန်များပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်ဂျီချောင်းရေလျှံတက်လာမှုကြောင့် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်မှ ရေဘေးသင့်ပြည်သူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်လှုဒါန်းသည့် ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ မုန့်တီခြောက် စသည့်စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေ(၁၉၂၇၈၀၀)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)