တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တင်ကျန်ရစ်သော ရွံ့နွံများကို စည်ပင်သာယာရေးဌာနမှ ဆက်လက်ရှင်းလင်းဆောင်ရွက်

တာချီလိတ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းနေရာအနှံ့အပြား ရပ်ကွက်နေအိမ်အများအပြားနှင့် စာသင်ကျောင်းတို့တွင် ရွံ့နွံများတင်ကျန်ရစ်ခဲ့ရာ စည်ပင်သာယာရေးဌာနနှင့် ပြည်သူများ ပူးပေါင်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၈ ရက်နေ့က စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်အများအပြား၊ စာသင်ကျောင်းတို့တွင် ရေဝင်ရောက်ခဲ့ပြီးရွံ့နွံများ တင်ကျန်ရစ်ခဲ့ရာ စည်ပင်သာယာရေးဌာနမှဦးဆောင်၍ ရပ်ကွက်နေပြည်သူများကပူးပေါင်း ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် တာလော့ရပ်ကွက်အတွင်းရှိလမ်းများနှင့် တာလော့အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ကျောင်းဝန်းအတွင်း ရေဝင်ရောက်မှုကြောင့် တင်ကျန်ရစ်ခဲ့သော ရွှံ့မြေများအား ဆေးကြောခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ပူးပေါင်းရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)