လဲချား သြဂုတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ပန်းခင်းစီမံချက်-၂ ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက်-၂ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လဲချားမြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုး ဦးဆောင်၍ ဒု -လဝက မှူး ဦးစိုင်းမွမ်းခေါင်မှ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းမှကျောင်းသား/သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြာကိုင်ဆောင်ရာတွင် လိုက်နာရမည့် အချက်များအား မြန်မာဘာသာ၊ရှမ်းဘာသာတို့ဖြင့် ရှင်းလင်းပြောကြားပေးခဲ့ပြီး ကျောင်းသား/သူ (၇၀)ဦး ခန့်တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)