ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တဘက်ချောင်းရေတက်မှုကြောင့် နွေစပါး၊ မိုးစပါးရေကြီးနစ်မြုပ်မှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် ဩဂုတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တဘက်ချောင်းရေတက်မှုကြောင့် နွေစပါး၊ မိုးစပါး ရေကြီးနစ်မြုပ်မှုအခြေအနေများအား ယမန့်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပုံးအင်းကျေးရွာအုပ်စုနှင့် နောင်မွန်ကျေးရွာအုပ်စု အတွင်းရှိ ကွင်းပေါင်း(၈)ကွင်းမှ တောင်သူပေါင်း(၁၈၇)ဦး၏ နွေစပါးစိုက်ဧရိယာ (၄၀၈.၄၉)ဧကနှင့် ကွင်းပေါင်း(၉)ကွင်းမှ တောင်သူပေါင်း(၂၅၀)ဦး၏ မိုးစပါးစိုက်ဧရိယာ(၅၉၀.၉၃)ဧကတို့မှာ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုအခြေအနေများကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)