ရပ်စောက် ဩဂုတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် ဇော်ဂျီချောင်းရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ရပ်ကွက်နေပြည်သူများအား ရပ်ကွက်အတွင်းရှိ မိမိတို့နေအိမ်များ၌ ပြန်လည်နေထိုင်နိုင်ရေး တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဇော်ဂျီချောင်းရေလျှံတက်လာပြီး ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်အတွင်းရှိ လူနေအိမ်များနှင့် လမ်းမပေါ်သို့ ချောင်းရေများဝင်ရောက်လာမှုကြောင့် ရပ်ကွက်နေပြည်သူများအား တာဝန်ရှိသူများမှ မြို့နယ်အားကစားခန်းမသို့ ကူညီပို့ဆောင်ပေးခဲ့ကြပြီး ယခုအခါတွင် ချောင်းရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ မိမိတို့နေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် လျှပ်စစ်မီးပြန်လည်ရရှိရေး၊ သောက်သုံးရေများပြန်လည်ရရှိရေး၊ နေအိမ်များအတွင်းဝင်ရောက်နေသည့် သဲ၊ နှုန်းများနှင့် အမှိုက်များအား ကူညီဖယ်ရှားပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)