ကျိုင်းတုံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကျိုင်းတုံ ဩဂုတ် ၁၀ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်၉ နာရီခွဲက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက လူကုန်ကူးမှုများ လျော့နည်းပပျောက်ရေး၊ ထိရောက်စွာ တားဆီးကာကွယ်ရေး၊ ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများအား ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယခုလို ဟောပြောပွဲ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို ကျိုင်းတုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ ထံပေးအပ်သည်။

ထို့နောက် အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စ (ကျိုင်းတုံ)မှ ဒုတိယရဲမှူး အောင်ကျော်ဇင်က   လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဉပဒေနှင့် ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊  ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး၊ ပြည်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများအကြာင်း၊ လူကုန်ကူးမှုပုံစံများအား ကြိုတင်ကာကွယ်ရေးဆိုင်ရာများ အကြောင်းအရာများကို အသိပညာပေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)