သိန္နီ ဩဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ ကာယစွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ကာယစွမ်းရည် ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဉမ္မာချိုက ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ကျောင်းသား၊ကျောင်းသူ ကလေးသူငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးရာတွင် ပူစီပေါင်း လက်ဆင့်ကမ်းပြိုင်ပွဲနှင့် ခါးလှည့်ကွင်းလှည့်ခြင်းပြိုင်ပွဲများကို ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲသို့ သိန္နီမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၂၀)ဦးက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ “ယခုလို ပြိုင်ပွဲများ ကျင်းပပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ ရွှင်လန်းတတ်ကြွမှုရှိလာပြီး တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ကြိုးစားတတ်သည့် အလေ့အကျင့်ကောင်း များနှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွားလာမည်ဖြစ်ကြောင်း” ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်မှ ပြောကြားခဲ့ကြောင်း သိရသည်။
စောဉမ္မာ(သိန္နီ)