မချမ်းဘော့ သြဂုတ် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအား ပြန်/ဆက်ဦးစီးဌာနနှင့် မြို့နယ်ဥပဒေတို့ ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ မူးယစ်ဆေးဝါးအန္တရယ်မှ ကင်းဝေးစေရန်နှင့် ပြစ်မှု ပြစ်ဒဏ်များအား သိရှိနိုင်ရန် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ အလကမြို့မ ကျောင်းအုပ်ဆရာကြီးက ဦးဖုန်ဆန်းထင်ဆန်းက အဖွင့်အမှာစကား ပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးပြေထက်ပိုင်က မူးယစ်ဆေးဝါးသုံးစွဲသည့် ပြစ်မှုပြစ်ဒဏ်များ၊ ရောင်းဝယ် ဖောက် ကားသူများအား အရေးယူခြင်း ဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ တရားမဝင် လက်ဝယ်ထား ရှိသူများအား အရေးယူခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေများနှင့် အနာဂတ်တွင် လူညွန့်တုံး ဆုံးရှုံးမှုများ၊ ဆုတ်ယုတ်မှု များ ဆိုးကျိုးများသာ ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးကို ကျောင်းသား၊ ကျောင်းသူများ မထိတွေ့ မသုံးစွဲကြရန် အကျယ့်တဝင့် ဟောပြောဆွေးနွေးသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းသူ၊ ကျောင်းသား ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၁၆၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)