ကော့မှူး ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် တရားမဝင်တားမြစ်ဆေးဝါးများ ရောင်းချမှုမရှိ စေရေးနှင့် လူသုံးကုန်အခြေခံဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း ဖွင့်လှစ်ရောင်းချသော ဆေးဝါးအရောင်းဆိုင်များနှင့် ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချသော ဆေးဝါးအရောင်းဆိုင်များအား ရှောင်တခင် လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ထွန်းဇော်မင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးလွင်၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ပူးပေါင်း၍ ဆေးဝါးအရောင်းဆိုင်ပိုင်ရှင်များအား မှတ်ပုံတင်မထားခြင်းမရှိသော ဆေးဝါးများလက်ဝယ်ထားရှိခြင်း ဖြန့်ဖြူးရောင်းချမှုမရှိစေရေးနှင့် လူသုံးကုန် အခြေခံဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးတို့အတွက် လိုက်လံစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)