လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် မိုးရာသီ၌အဖြစ်များသော ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ညောင်ကျေးရွာဒိုင်စု ရပ်ကွက်အတွင်းရှိအိမ်များ၊ ရေမြောင်းများ၊ ကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီ က ဆေးဖျန်းဆောင်ရွက်သည်။
အဆိုပါဆေးဖျန်းရာတွင် မိုးရာသီအချိန်ကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်ခိုအောင်းရာနေရာများဖြစ်သော ရေမြောင်းများနှင့် လူနေအိမ်ပတ်၀န်းကျင်တို့ကို ခြင်မှုတ်ဆေးများ ဆေးဖျန်းဆောင်ရွက်သည်။ ထိုသို့ ဆေးဖျန်းရာတွင် ကလေးငယ်များ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ခြင်းလောင်းသားပေါက်များ၊ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် နေရာများ၊ စွန့်ပစ်ပစ္စည်းများအတွင်း ဝင်ရောက်နေသည့် ပိုးလောက်လန်းအန္တရာယ်များမှ ကင်းရှင်းရေးအတွက် ဆေးဖျန်းခြင်းများ ဆောင်ရွက်သည်။ နေအိမ်များအတွင်းရှိ ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်သော နေရာများ၊ ရေစည်၊ ရေအိုးများအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဇင်မင်းအောင်နှင့် အဖွဲ့၀င်များပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)