စဉ့်ကိုင်မြို့နယ်၌ သဘာ၀ရေပြင်ဖြစ်သော စွန်ရဲအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

စဉ့်ကိုင်   သြဂုတ်  ၁၀

စိုက်ပျိုးရေး  မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စွန်ရဲကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာအတွင်းရှိ  သဘာ၀ရေပြင်ဖြစ်သောစွန်ရဲအင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်း အနားကို ယမန်နေ့ နံနက် (၈)နာရီအချိန်ကကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဗိုလ်မှူး ကြီးဇော်နိုင်ဦး၊ အဖွဲ့၀င်(၂)ဦးအောင်သူ၊ စဉ့်ကိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အဖွဲ့၀င်ဦးရွှေခိုင်၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသံချောင်းနှင့် အဖွဲ့၀င်များ၊  ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ   စခန်းတာ၀န်ခံဒေါ်ခိုင်ခိုင်၀င်းနှင့် ၀န်ထမ်းများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေ မှူးဦးကျော်ကျော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာ၀န်ရှိသူများ၊ နတ်​ရေကန်ငါးလုပ်ငန်း စခန်းတာ၀န်ခံ ဒေါ်အေးအေးမော်နှင့် ၀န်ထမ်းများ၊ ကူမဲငါးလုပ်ငန်းစခန်းတာ၀န်ခံ ဦးစောအောင် ကိုလတ်နှင့်၀န်ထမ်းများက ငါးမြစ်ချင်းလေး သိန်းငါးသောင်း၊ ငါးခုံးမတစ်သိန်းငါးသောင်း၊ စုစုပေါင်း ခြောက်သိန်းငါးမျိုးများကို စွန်ရဲအင်းအတွင်း  စိုထ်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြင့်ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊  သဘာ၀အတိုင်းငါးမျိုးပေါက် ဖွားစေရန်ရည်ရွယ်ပြီး စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ငါးမျိုးသိန်းနှစ်ရာ့လေးဆယ်လျာထားပြီးယနေ့အထိ သိန်းခုနှစ်ဆယ်ပတ်၀န်းကျင်စိုက်ထည့်ပေးပြီးဖြစ်ရာ ကူမဲငါးလုပ်ငန်းစခန်းအနေဖြင့် ယနေ့အထိ နှစ်ဆယ့်သုံးသိန်းထိ ငါးမျိုးများစိုက်ထည့်ပေးပြီးဖြစ်ကြောင်း   စခန်းတာ၀န်ခံဦးစောအောင်ကိုလတ်ထံမှ သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)