မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းခုတ် ဩဂုတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာအုပ်ပြပွဲကို အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများဖြစ်ပေါ်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ကျင်းပရခြင်းဖြစ်ပြီး အသိပညာပေး နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲများကို လစဉ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)