တပ်ကုန်း ဩဂုတ် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျား/မအခြေပြုအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုပုံစံများ၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာမှုများ စသည့်အကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဟောပြောပွဲသို့ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)