ချောင်းဆုံမြို့နယ်တွင် ရပ်ရွာအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန် ဆောင်ရွက်နိုင်ရေး သင်တန်း ဖွင့်လှစ်

ချောင်းဆုံ ဩဂုတ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ  ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရပ်ရွာအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သင်တန်းကို ယမန်နေ့က ဒေါင်းရပ်အရှေ့ ကျေးရွာခန်းမတွင် ဖွင့်လှစ်ခဲ့ကြသည်။

သင်တန်းတွင် မီးဘေးအန္တရာယ် ကျရောက်နိုင်သည့် အကြောင်းအရာများ မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ပို့ချ ဆွေးနွေးပြီး လက်တွေ့သရုပ်ပြသခြင်းကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ဒေသခံ သင်တန်းသား/သူ (၂၀) ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းနည်းပြများအဖြင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးလွင်မင်းပိုင်းနှင့် ဒု-ဦးစီး ဦးကောင်းထက်တို့မှ ယမန်နေ့မှ (၁၂) ရက်နေ့အထိ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)