မိုးမိတ်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီး

မိုးမိတ် ဩဂုတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် တောင်ကိုင်းကျေးရွာရှိ ကျေးရွာတွင်းလမ်းအား ကွန်းကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးခဲ့ရာ အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါလမ်းသည် တောင်ကိုင်းကျေးရွာအုပ်စု တောင်ကိုင်းကျေးရွာရှိ ကျေးရွာတွင်းလမ်းဖြစ်ကာ  (၁၃ .၅ .၂၀၂၂) ရက်နေ့တွင် စတင်ဆောင်ရွက်၍ အရှည် ၁၂၀၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိပြီး မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ်  ခင်းကျင်းဆောင်ရွက်ခဲ့ပြီး  မြစိမ်းရောင်းစီမံကိန်း အတိုးရငွေ ၁၅.၀၀ ကျပ်သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ၈.၆၉၄ ကျပ်သန်းတို့ဖြင့် မတည်ဆောင်ရွက်ခဲ့ကာ စုစုပေါင်းကုန်ကျငွေမှာ ၂၃.၆၉၄ ကျပ်သန်းဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)