ဆွမ်ပရာဘွမ် သြဂုတ် ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဆွမ်ပရာဘွမ်မြို့ အခြခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးခိုင်မင်းအောင်က ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် "မူးယစ်အန္တရာယ် တို့ကာကွယ်" ခေါင်းစဉ်ဖြင့် ပန်းချီနှင့် စာစီစာကုံးယှဉ်ပြိုင်ကြပြီး ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ်များကို သိရှိစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းအားဖြင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအကြောင်း သိရှိစေရန် "မူးယစ်အန္တရာယ် တို့ကာကွယ်" အကြောင်းကို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)