မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးအသိပညာပေး‌ ဟောပြောပွဲဆောင်ရွက်

မိုင်းလုံ ဩဂုတ် ၉

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေးအသိပညာပေး‌ ဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းတွင် မိုင်းလုံမြို့ နယ်မြေမီးသတ်စခန်းမှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ထက်က မီးဘေးလုံခြုံရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိရန်နှင့် လက်တွေ့အသုံးချရန်ရည်ရွယ်၍ ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  မီးအသုံးပြုရာ စနစ်တကျ အသုံးပြုရန်နည်းလမ်းများ၊ နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ လျှပ်စစ်မီးကိုလည်း စနစ်တကျအသုံးပြုကြရန်၊ ဂက်(စ်)မီး အသုံးပြုသူများကိုလည်း စနစ်တကျအသုံးပြုရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရန်စသည့် အချက်အလက်တို့ကို ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ မီးသတ်စခန်းမှတာဝန်ခံက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများက တက်ရောက်ခဲ့ကြောင်း သိရသည်။    

ဇော်ဇော်(ပြန်/ဆက်)