သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာန၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ (Table Top Exercise) ဆွေးနွေးပွဲပြုလုပ်

သံဖြူဇရပ် သြဂုတ် ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀း၃၀ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအစေးခန်းမ၌  ပြုလုပ်သည်။

​ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြေငြိမ်းဦးက သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေးက သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မီဘေး ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ၊ ကြိုတင်စုဆောင်းထားရမည့် ဆေးဝါးနှင့်အရေးကြီးပစ္စည်းများ၊ သဘာဝဘေး ဖြစ်ပေါ်နေချိန်တွင် အန္တရာယ်လွတ်ကင်းစေရန် ခိုလှုံရမည့်နေရာများ၊ ပူးပေါင်းချိတ်ဆက်ရမည့် အဖွဲ့အစည်းများ၏ လိပ်စာများနှင့် ဖုန်းနံပါတ်များ စသည်တို့အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့်​ မြို့မရဲစခန်းမှူး ဒုရဲမှူး မိုးမြင့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကဏ္ဍအလိုက် တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှလည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်လုပ်ဆောင်ထားရမည့် အကြောင်းအရာများကို အားလုံးမှ ပူးပေါင်း​ ဆောင်ရွက်ကြစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)