စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ “အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်းနှင့် ကျန်းမာရေး သိမှတ်ဖွယ်ရာအဖြာဖြာ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

စမ်းချောင်း   ဩဂုတ်  

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌  စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများ စုစည်း၍ စာရေးဆရာမ ပေါက်ပေါက် ရေးသားသည့်အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအကြောင်းနှင့် ကျန်းမာရေးသိမှတ်ဖွယ်ရာ အဖြာဖြာ စာအုပ်ပါအကြောင်းအရာများကို စာရေးဆရာမ ပေါက်ပေါက် က ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်များက အပြန်အလှန် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း