ဒဂုံအရှေ့ ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အသက်(၅)နှစ်မှ (၁၂)နှစ်အရွယ် ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိအကြိမ်) ထိုးနှံပေးလျက်ရှိရာ မာဂဓိသာစည် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၁၀နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ကျောင်းသား၊ကျောင်းသူများအား (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သော နှာခေါင်းစည်း Mask/ လက်သန့်ဆေးရည်တို့အပြင် သွားတိုက်ဆေးဘူးတို့ကို ပေးအပ်လှူဒါန်းရာ မာဂဓိသာစည်ဘုန်းတော်ကြီးသင်ကျောင်းမှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တအရှင်နေမိန္ဒ (ဘဒ္ဓမ္မဇောတိကဓဇ) မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အခြေခံပညာကျောင်း(၃၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်း စုစုပေါင်း(၄၈)ကျောင်းရှိရာ သတ်မှတ်ရက်များအလိုက် အသက်(၅)နှစ်မှ (၁၂)အရွယ်ကလေးများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပြီးသူများကို (ဒုတိယအကြိမ်) ကွင်းဆင်း ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)