သာ​ကေတမြို့နယ်၌ မှုခင်းအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

သာ​​ကေတ သြဂုတ် ၈

 ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာ​​ကေတမြို့နယ်တွင် မှုခင်းဆိုင်ရာများနှင့် ပတ်သက်၍ ​ကျောင်းသား၊​ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန်သိရှိပြီး အသိ၊သတိရှိစေရန်အတွက်​ ဆောင်ရန်၊​ရှောင်ရန်နည်းလမ်းများကို ယနေ့​နေ့လယ်(၁၂:၀၀) နာရီမှ (၁:၀၀)နာရီအထိ သာ​ကေတမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်း​ကျောင်း၌ မှုခင်းအသိပညာ​ပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ မှုခင်းအသိပညာ​ပေး​ဟော​ပြောပွဲတွင် သာကေတ​မြို့နယ် ရဲတပ်ဖွဲ့မှူး​ရဲမှူး​ဇော်ဝင်းထွန်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ(၉၇) ဦးခန့်အား မှုခင်းဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ​ပေး ဟောပြောခဲ့ပြီး ကျောင်းသား၊​ကျောင်းသူများမှ သိရှိလိုသည်များကို​ မေးမြန်းခဲ့​ကြောင်း သိရှိရသည်။

မို့မို့သူ(ပြန်/ဆက်)