ပုဇွန်တောင် ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲ(Talk Show)ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ကျန်းမာရေးကို စောင့်ရှောက်ပေးမှုနှင့် တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာများကို ပြည်သူများသိရှိစေရန် တိုင်းရင်းဆေးအသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ရိုက်ကူးရခြင်းဖြစ်ကြောင်း ဆွေးနွေးကာ စာရေးဆရာမ မေမြတ်စန္ဒာက တိုင်းရင်းဆေးပညာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် Talk Show အစီအစဉ်များ၊ ဆွေးနွေးပွဲများ စသည့် အခြားအသိပညာ ဗဟုသုတရဖွယ်များအား ရိုက်ကူးပေးလျက်ရှိပြီး ပုဇွန်တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pazun Daung Facebook Page တို့တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်