ကချင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေးအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဩဂုတ် ၈

ကချင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေး အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ လေ့ကျင့် ပျိုးထောင်ရေးစင်တာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောက်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က သင်တန်းဖွင့်လှစ်နိုင်ရေး အခြေအနေများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင်  မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ဖားကန့်မြို့နယ်နှင့် ပူတာအို မြို့တို့မှ သင်တန်းသား (၂၀) ဦးတို့အား မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများဖြစ်သည့် အင်ဂျင်၊ အင်ဂျင်ဘလောက်၊ ဟတ်၊ ကလပ်အုံ(ဘယ်/ညာခြမ်း)၊ ဂီယာဘောက်၊ ကာဗျူရေတာ၊ ကာဗျူရေးရှင်းနှင့် ဝါယာရိန်း ပြုပြင်နည်းပညာများကို ပြည်နယ်အသေးစား စက်မှုလက်မှု ဦးစီးဌာနမှ သင်တန်းနည်းပြ (၂) ဦးက ဩဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ရက်သတ္တပါတ် (၄) ပါတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)