တောင်ဥက္ကလာပ ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၁) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်းဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲ (Talk Show) တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ အေးချမ်းအိမ်မှ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ စာတတ်သူတိုင်း စာဖတ်ရေး၊ စာပေအသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီး မှန်ကန်ကောင်းမွန်သောဘဝများဖြစ်နိုင်ရန်၊ စာပေများမှ မှန်ကန်သော အသိတရား၊ မှန်ကန်သောဆုံးဖြတ်ချက်များ ရရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club တို့ ပူးပေါင်းပြီး လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)