ဆွမ်ပရာဘွမ်မြို့နယ်တွင်မွေးကင်းစ‌ က‌လေး(၂)လမှ(၁)နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေး

ဆွမ်ပရာဘွမ် သြဂုတ် ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မွေးကင်းစ ၂ လမှ ၁ နှစ်ခွဲ ကလေးငယ် များအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကလေးငယ်များအား ပေါင်ချိန် ချိန်ပေးခြင်းနှင့် ကျန်းမားရေးဝန်ထမ်းများက ဆေးလက်မှတ်များကို စစ်ဆေးခြင်း၊ အမည်စာရင်း ရေးသွင်းခြင်းဖြင့် မွေးကင်းစ ၂ လမှ ၁ နှစ်ခွဲ ကလေးငယ်များကို (ဘီစီဂျီ) ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရှီတာ)၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ဘီစီဝီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး၊ ဂျပန် ဦးနှောက်ရောင်ရောဂါနှင့် ဝက်သက်၊ ကျိုက်သိုးရောဂါ ကာကွယ်ဆေးများကို တစ်ဦးချင်းအလိုက် ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ဟင်နရီမီးကိုဆာ (ဆွမ်ပရာဘွမ်)