ရှင်ဗွေယန် ဩဂုတ် ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ယနေ့ နံနက် ၉ နာရီက ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကလေးငယ်များအား သံချဆေးနှင့် မျက်စိအားဆေးများ တိုက်ကျွေးခြင်း၊ ခန္ဓာကိုယ်ပေါင်ချိန် တိုင်းတာ ခြင်းများအပြင် ကလေးငယ်များအား ဆေးတိုက်ကျွေးရန် လာရောက်ကြသော မိဘများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose တပါတည်း ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ သံချဆေး၊ မျက်စိအားဆေးတိုက်ကျွေးခြင်းနှင့် ခန္ဓာကိုယ်ပေါင်ချိန်တိုင်းတာခြင်းများအား အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ် (၅၃) ဦးတို့အား တိုက်ကျွေးခဲ့ကြောင်း သတင်းရရှိ သည်။
ရှင်ဗွေယန်(ပြန်/ဆက်)