ဒဂုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ အသိပညာ​ပေး Talk Show ဆောင်ရွက်

ဒဂုံ သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်း၏ (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာဖြင့် Software ရေးသွင်းခြင်းနှင့် အိမ်​ထောင်စု စာရင်းပြုလုပ်ခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ ပြည်သူများ ဗဟုသုတရရှိ​စေရန် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) အား ယ​နေ့နံနက် ၁၀နာရီက ဒဂုံမြို့နယ် ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) တွင် ပြုလုပ်​ဆောင်ရွက်ခဲ့သည်။

​ဆွေး​နွေးပွဲတွင် ဒဂုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲစွာဝင်းနှင့် ဒဂုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်မေသန္တာတို့က ​အသိပညာ​ပေး​ ဆွေး​နွေးခဲ့ကြသည်။

ထိုသို့ ​ဆွေး​နွေးရာတွင် ဒဂုံမြို့နယ်အတွင်း ရပ်ကွက် (၅) ရပ်ကွက်ရှိအိမ်ထောင်စု လူဦးရေစာရင်း စုစုပေါင်း (၇၈၃၄) ၏ (ပုံစံ -၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် Software ထဲသို့ ​ရေးသွင်းခြင်းနှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရန် ဆောင်ရွက်​နေကြခြင်းကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရုံးဝန်ထမ်းများမှ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ရေးသွင်းပြီးစီးနိုင်ရန် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ​ ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ အိမ်​ထောင်စုစာရင်းပြုလုပ်ရန်၊ မှတ်ပုံတင်ပြုလုပ်ရန်နှင့် ​မွေးတိုး၊​သေဆုံး၊ ​ပျောက်ဆုံးများ ​​ဆောင်ရွက်ရာတွင် လိုအပ်​သော အချက်အလက်များအား သိရှိနိုင်ပါရန် ​ဆွေး​နွေးခဲ့ကြသည်။

ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် Talk Show အစီအစဉ်များ၊ ဆွေးနွေးပွဲများ စသည့် အသိပညာ ဗဟုသုတရဖွယ်များအား ရိုက်ကူးပေးလျက်ရှိပြီး အသိပညာ​ပေး အ​ကြောင်းအရာများအား ဒဂုံမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် မြို့နယ်လှုပ်ရှားမှုနှင့် သတင်းများအား We Love Dagon Facebook Page တို့တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

​မေသန္တာ