သံဖြူဇရပ် သြဂုတ် ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က သံဖြူဇရပ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်သန်းက ၂၀၂၂ခု နှစ် (၂၃)ကြိမ်မြောက် ဆို၊ က ၊ရေး ၊ တီး ပြိုင်ပွဲကို ဦးတည်ချက် (၄ )ရပ်ဖြင့် ကျင်းပရခြင်းဖြစ် ကြောင်း အဖွင့်အမှာစကား ပြောကြားပြီးမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းက ပြိုင်ပွဲများ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား၍ အကဲဖြတ်ဒိုင် တစ်ဦးမှ ပြိုင်ပွဲစည်းကမ်းများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ အခြေခံပညာအဆင့် အ.ထ.က(၂)မှ ကျောင်းသူလေးများက မွန်ယိမ်းအကဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး အခြေခံပညာအဆင့် အသက်(၅)နှစ်မှ (၁၀)နှစ်ထိ ကျား/မ၊ အသက် (၁၀)နှစ်မှ (၁၅)နှစ်ထိ ကျား/မ၊ ခေတ်ဟောင်း ကာလပေါ်တေးများဖြင့် ယှဉ်ပြိုင်ခြင်း၊ ဆက်လက်၍ အ ခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းနှင့် (၁၅)နှစ်မှ (၂၀)နှစ်အတွင်း အမျိုးသမီအကပြိုင်ပွဲကို မြို့နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပါဝင် ယှဉ်ပြုင်ကြပြီး၊ အခြေခံပညာကျောင်းများမှ အသက် (၁၅)နှစ်မှ (၂၀) နှစ်အတွင်း ခေတ်ဟောင်း ကာလပေါ်နှင့် မဟာဂီတတေးများ ပါဝင် ယှဉ်ပြိုင်ကြပြီး၊ အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်မှ (၁၅)အတွင်း ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့် ပါဝင် ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၁၀)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်ဆုရ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ အား ပြည်နယ်အဆင့်(၂၃) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီ ပြိုင်ပွဲသို့ တက်ရောက် ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း မြို့နယ် ပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)