ကျောက်တန်း သြဂုတ် ၈
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဦးစီးဌာန ကျောက်တန်းမြို့နယ် သမဝါယမဦးစီးဌာနမှရွှေကန်ဦး သမဝါယမအသင်းသားများသို့ ဝက်မွေးမြူရေး ဆိုင်ရာရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကန်ပြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်၊ အဖွဲ့ဝင်၁ဗိုလ်မှူး မျိုးသက်နောင်တို့မှ အသီးသီးအမှာစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက်ပြည်ထောင်စုရန်ပုံငွေအဖြစ် သမဝါယမဦးစီးဌာနမှ စက်ကိရိယာပစ္စည်းများကို သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဒေါ်ဥမ္မာမြင့်က ထောက်ပံပေးအပ်ခဲ့ရာ ရွှေကန်ဦးလယ်ယာနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသား ဦးခင်ဝင်းက လက်ခံရရှိခဲ့ပါသည်။ ထို့နောက် ဝက်မွေးမြူရေးဆိုင်ရာရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးထွန်းက ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်ဆက်)