မဲခေါင်-လန်းချန်းစီမံကိန်းဖြင့်ဆောင်ရွက်မည့် မက္ကဒေးမီးယားပျိုးပင်များ ပေးအပ်

ရွာငံ သြဂုတ် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မဲခေါင်-လန်းချန်းစီမံကိန်းဖြင့် ဆောင်ရွက်မည့် မက္ကဒေးမီးယားပျိုးပင်များ ပေးအပ်​ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မဲခေါင်လန်းချန်းစီမံကိန်းဖြင့်ဆောင်ရွက်မည့် မက္ကဒေးမီးယားပျိုးပင်များပေးအပ်ခြင်း အခမ်းအနားတွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်မျိုးသန့်က မက္ကဒေးမီးယား အပင်သည်ရွာငံရေမြေရာသီဥတုနှင့် ကိုက်ညီပြီး စျေးကွက်ဝင်သီးနှံတစ်ခုဖြစ်သောကြောင့် ရေရှည်စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း​ပြောကြားပြီး၊ ဒုဦးစီးမှူးဦးအုန်းမြင့်မှ မက္က​ဒေးမီးယားစိုက်ပျိုးပြီး သက်တမ်း ၅ နှစ် ၇ နှစ်ကြာသောအခါ တစ်ဧကဝင်ငွေမှာ ကျပ်သိန်း ၅၀ နှင့် ၁၀၀ကြားရရှိနိုင်သောကြောင့် စိုင်ပျိုးသင့်သည့် သီးနှံဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရန်အခက်အခဲရှိပါကလည်း စိုက်ပျိုးရေးဌာနသို့ မေးမြန်းနိုင်ပါကြောင်း ပြောကြားသည်။

ဆက်လျက်၍ မဲခေါင်လန်းချန်းစီမံကိန်းဖြင့် ဆောင်ရွက်မည့် မက္ကဒေးမီးယားပျိုးပင်များကို တစ်ဧကလျှင်အပင်ရေ ၅၀ နှုန်းဖြင့်မြို့နယ် ဦးစီးအရာရှိဦး ကျော်မျိုးသန့်မှ ပေးအပ်ရာ ကျေးရွာအုပ်စုမှတောင်သူများက အသီးသီးလက်ခံရယူကြကြောင်းနှင့် ရွာငံမြို့နယ်အတွင်းရှိ မက္ကဒေးမီးယားစိုက်တောင်သူများသို့ မက္က​​​ဒေးမီးယားပျိုးပင်ပေါင်း ၅၇၀၀​ ပင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးသန့်