အရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရား မိုးနဲမြို့နယ်သို့ ကြရောက်အပူဇော်ခံတော်မူ ပြည်သူများ ကြက်ပျံမကျစည်ကားစွာ လာရောက်ဖူးမြှော်

မိုးနဲ ဩဂုတ် ၈

အရညဝါသီ အဂ္ဂမဟာကမ္မဌာနာစရိယ မိုင်းဘုန်းဆရာတော်ဘုရား ဘဒ္ဒန္တဉာဏသံဝရ နှင့်သံဃာတော် အရှင်သူမြတ်များ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူ ဆုတောင်ပြည့်ဘုရား ကွင်ပြင်းစင်မြင့်နေရာ၌ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ကြွရောက်အပူဇော်ခံ‌တော်မူခဲ့ကြောင်း သိရသည်။

အပူဇော်ခံစဉ် ဆရာတော်ဘုရားကြီး ဝစီပိတ်အဓိဌာန်တော်မူထားသဖြင့် ကိုယ်အမူအရာဖြင့် တရားတော်များချီးမြှင့်ပေးခဲ့ရာ တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (တန့်ယန်း)ဆရာတော်က ပြန်လည်ရှင်းလင်း ဟောကြားတော်မူခဲ့ကြောင်း သိရသည်။

တရားတော်၏အနက်မှာ “လူတိုင်းနားလယ်လွယ်တဲ့ကျင့်စဉ်တစ်ခု” လက်ခုပ် ၃ ခါ (သို့မဟုတ်) ၅ ခါ တီးပါ။ လက်ဖဝါး ၂ ဖက် ရိုက်ခတ်ထိတွေ့မှုကြောင့် ဝေဒနာပေါ်လာမယ်။ ပေါ်လာတဲ့ စပ်ဖျင်းဖျင်းဝေဒနာ​တွေကို ဖြစ်ပျက်ရှု။ လက်ဖဝါး ၂ ခု ပွတ်ချေပါ။ ပူလာမယ်။ ပူလာရင် လက်ဖဝါးနှစ်ဖက် ဆုပ်ညစ်ထားပါ။ လက်ဖဝါးထဲကဝေဒနာ ဖြစ်ပျက်မှုရှုပါ။ တေဇောဓါတ်အားကောင်းနေသေးရင် ကုသိုလ်ပြုချိန်ရသေးတယ်။ (သေခါနီးလူနာကတော့ ခြေဖြားလက်ဖြား အေးနေလေတော့ ကုသိုလ်ပြုချိန် မကျန်တော့ဘူး)၊ လက်ဖဝါးဖြင့် နဖူး၊ မျက်စိ၊ မျက်နှာစသည်တို့ကို ပွတ်ပါ။ ထိနမိဒ္ဓတွေကို ပယ်ဖျောက်ပြီး စိတ်ကို လန်းဆန်းစေပါမယ်။ လေကိုတစ်ဝကြီး အဆုပ်ထဲရောက်အောင် ၃ ကြိမ် ရှူသွင်းပါ ခဏအောင့်ထားပြီး လေကိုချောင်းဆိုးပြီးမှရှူ ထုတ်ပါ။ (အဆုတ်အားကောင်းအောင် လေ့ကျင့်တဲ့နည်းဖြစ်ပါတယ်၊ စိတ်ဖိစီးမှု ရုပ်ဖိစီးမှုတွေ ပယ်ဖျောက်စေပါမယ် စသည့်တရားတော်များဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြွရောက်အပူဇော်ခံရာနေရာသို့ မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ်၊ နမ့်စန်မြို့နယ်၊ လင်းခေးမြို့နယ်နှင့် အခြားမြို့နယ်များမှ ထောင်နှင့်ချီသော ပြည်သူများ၊‌ အလှူရှင်များက ကြက်ပျံမကျစည်ကား သိုက်မြိုက်စွာ လာရောက်ဖူးမြှော်ခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)