ကျောက်မဲ ဩဂုတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံး ဝန်ထမ်းများက ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ဝန်ထမ်းကျင့်ဝတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းကျင့်ဝတ်များကိုပိုမိုသိရှိလိုက်နာဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ဝန်ထမ်း ကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှဝန်ထမ်းများက ဝန်ထမ်းများသိရှိနားလည်ရမည့် ဝန်ထမ်းကျင့်ဝတ်စာအုပ်ပါ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ် ၉ မျိုး၊ ဝန်ထမ်းများ အယူခံဝင်ခြင်း ဆိုင်ရာအကြောင်းအရာများ အစရှိသည်တို့ကို အသီးသီးဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံး ဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)