နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်း၌ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နမ္မတူ ဩဂုတ် ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်း၌ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေး၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင် အရာရှိ ဦးဂွမ်ဂျာနော်တို့က ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးသည်များ၏ ရက်လွန်နေသော မုန့်ထုတ်များအား သိမ်းဆည်းကာ၊ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်များကို သေချာကြည့်ရှုကာ ဝယ်ယူရောင်းချရန်လိုကြောင်း၊ ရက်လွန်နေပါက ရောင်းချခြင်းမပြုရန်နှင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများအား ရောင်းချစေရေး ကြည့်ရှုစစ်ဆေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)