တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရကျောင်းသား/သူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်

တံတားဦး ဩဂုတ် ၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရကျောင်းသား/သူများနှင့် ထူးကျောင်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက တံတားဦမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ပညာကိုမြတ်နိုးပြီး စာကြိုးစားချင်စိတ် ပိုမိုပေါ်ထွန်းရေးအတွက် တံတားဦးမြို့သား ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း)မှ ၂၀၀၉ ခုနှစ်မှစတင် ၍ ဂုဏ်ပြုဆုများကို နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျေင်းသူများဟာ ကိုယ်တိုင်ကြိုးစားခဲ့ကြလို့ အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ပါကြောင်း ဒါ့အပြင် ကျောင်းသား၊ ဆရာ ၊မိဘ သုံးဦးပူးပေါင်းပြီး သုံးပွင့်ဆိုင်ကာ အထူးအာရုံစိုက်ပေးခဲ့လို့ ယခုလိုအောင်မြင်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် ပညာရည်သာမက အဖက်ဖက်ကထူးချွန်ထက်မြက်ပြီး ခေတ်မီသောဉာဏ်ပညာစွမ်းအားဖြင့် ကမ္ဘာကြီးကို ခေတ်မီအောင်စွမ်းဆောင်နိုင်ကြပြီး တိုးတက်သောလူဘောင်သစ်ကို တည်ဆောက်နိုင်ကြပါစေ ကြောင်းပြောကြားပြီး တံတားဦးမြို့နယ် ပညာရေးမှူးဦးကျော်ကျော်မွန်က ဆုချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည် ။

ထို့နောက် ဆုချီးမြင့်ခြင်းကို ဆက်လက်ကျင်းပရာ ၂၀၂၂ ခုနှစ်၌ တံတားဦးမြို့နယ်တွင် အောင်ချက်အကောင်းဆုံးဆု၊ ဂုဏ်ထူးရဦးရေအများဆုံး ရရှိအောင်သင်ကြားပေးခဲ့သောကျောင်းနှင့် ဂုဏ်ထူးရကျောင်းသား/သူများကို ခရိုင်မံအုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ဖြေဆုပေါင်း(၇၁၇)ဦးရှိပြီး အောင်မြင်သူပေါင်း(၃၁၄)ဦးခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း(၄၃.၇၉)ရှိပါကြောင်း၊ ဒါ့အပြင် တံတားဦးမြို့နယ်တွင် ၅-ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၄-ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ ၃-ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ ၂-ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ ၁-ဘာသာဂုဏ်ထူးရှင်(၈၈)ဦး စုစုပေါင်း(၁၁၃)ဦးရှိခဲ့ပါကြောင်း၊ တံတားဦးမြို့သား ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း)မှ ၂၀၀၉ ခုနှစ်မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရကျောင်းသား/သူများနှင့် ထူးကျောင်းများအား ဆုချီးမြှင့်ပေးခဲ့ရာ ယနေ့အထိ ကျောင်းသား/သူပေါင်း (၈၁၀)ဦးရှိကြောင်း သိရသည်။

ရဲတင့်