တွံတေးမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးဧက( ၈၀၉၂၀ )ဧက  စိုက်ပျိုးရန်လျာထား

တွံတေး သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ယခုနှစ်၂၀၂ မိုးရာသီတွင် မိုးစပါး စိုက်ပျိုးရန်ဧက(၈၀၉၂၀)လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

တွံတေးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် လျာထားချက်ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တာဝန်ရှိသူများက မိုးစပါးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရန် လယ်ယာမြေ ကြိုတင်ပြင်ဆင်ရေး၊ မိမိဒေသနှင့်ကိုက်ညီသော မျိုးစပါးနှင့်အထွတ်နှုန်းပိုသောမျိုးများ စိုက်ပျိုးနိုင်ရေး၊ ရေတော်မိုးတော် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်း ပိုးမွှားအန္တရာယ်ကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ထားရေး ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

တွံတေးမြို့နယ်၌ ကွင်းပေါင်း(၂၁၉)ကွင်းတွင် မိုးစပါးစိုက်ပျိုးဧက(၈၀၉၂၀)လျာထားကာ စိုက်ပျိုးသည့် မျိုးစပါးများမှာ ဧရာမင်း၊ ဆင်းသုခ၊ ရက်၉၀၊ အညာသား၊ ကောက်ညှင်း၊ မီးဒုံး၊ ငကျွဲများ အဓိကစိုက်ပျိုးပြီး မီးဒုံးကိုတောင်သူများ ပိုမိုစိုက်ပျိုးကြောင်း သိရှိရသည်။ တွံတေးမြို့နယ်၌ စပါးစိုက်တောင်သူ( ၁၂၅၇၁)ဦးရှိကြောင်းလည်း သိရှိရသည်။

ယခင်နှစ် မိုးစပါးစိုက်ပျိုးထားရှိမှုမှာ မီးဒုံး( ၃၇၉၀၅)ဧက၊ ငကျွဲ ( ၁၆၈၉၃) ဧက၊ အညာသားဧက(၃၆၉၉)ဆင်းသုခ (၂၅၉) ဧက၊ ရက်(၉၀)(၂၉၅) ဧက၊ ကောက်ညှင်း (၁၅၅၃) ဧကဧရာမင်း (၈၃)ဧက စုစုပေါင်း မိုးစပါးစိုက်ပျိုပြီးသည့်ဧက (၆၀၆၈၇) ဧကစိုက်ပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးသား