မွန်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၇

မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစားလိုက်စားသူများ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ  အရည် အသွေးမြှင့်တင်ပေးရန် ပြည်နယ် အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည် များကို  ကူညီ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ မွန်ပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အမျိုးသား/သမီး အသက် (၂၅) နှစ်အောက် စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ  ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ထိုနောက်   ပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများက  ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အမျိုးသား/သမီး အသက်(၂၅) နှစ်အောက် စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲ  ပြိုင်ပွဲအား ကြည့်ရှု အားပေးခဲ့ကာ  ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် အာရှ သက်ငယ်တန်းပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မွန်ပြည်နယ်မှ အားကစားသမား(၃) ဦးအား ပြည်နယ်စားပွဲတင် တင်းနစ်ဆပ်ကော်မတီနှင့် ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုငွေ တစ်သိန်းစီအား တာ၀န်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး အားကစား ထူးချွန်ဆု ရရှိသူများ ကိုတာ၀န်ရှိသူများကလည်းကောင်း၊  ပြိုင်ပွဲတွင် အမျိုးသား/သမီး အသင်းလိုက် တတိယဆု ရသူများအား ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးမြတ်သွင်ကလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ဒုတိယဆုရရှိသူများအား သယံဇာတရေးရာ၀န်ကြီး ဦးအောင်ကြည်သိန်းနှင့် စီးပွားရေးရာ၀န်ကြီး နိုင်လယိတမတို့က လည်းကောင်း၊ အမျိုးသား/အမျိုးသမီး ပထမဆု ရရှိသူများအား လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး  ဗိုလ်မှူးကြီး နေထွဋ်ဦး နှင့်တရားသူကြီးချုပ် ဦးညီညီစိုးတို့ကလည်းကောင်း  အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်