မော်လမြိုင် ဩဂုတ် ၆
မော်လမြိုင်မြို့နယ်တွင် မွန်ပြည်နယ် ဆီလုပ်ငန်းရှင်ကြီးများအသင်း၏ အစီအစဉ်ဖြင့်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှကြီးကြပ်၍ စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းဈေး (၄၄၀၀) ကျပ်ဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြိုင်သာယာဈေးတွင် Mobile စနစ်ဖြင့်လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီများကို မွန်ပြည်နယ်ဆီလုပ် ငန်းရှင်ကြီးများအသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီများကို ရောင်းချပေးနေ ခြင်းဖြစ်ပြီး၊ မော်လမြိုင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ ကိုသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး/ ရပ်မိရပ်ဖများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါရည်ညွှန်းဈေး (၄၄၀၀)ကျပ်ဖြင့် စားအုန်းဆီရောင်းချပေးရာတွင် လူတစ်ဦးလျှင် ဆီ(၁)ပိဿာနှုန်း ရောင်းချပေးခြင်းဖြစ်ပြီး၊ ပြည်သူများအတွက် စုစုပေါင်း ဆီပိဿာ(၆၆၀) ရောင်းချပြီး၊ အမှတ်(၁)ဈေး၊ မောင်ငံဈေး၊ စာရေးကြီးကုန်းဈေးတို့တွင်လည်း ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း စားအုန်းဆီများကို လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာ၀န်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။
ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)