နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃) ကျောင်းသို့ ငွေကျပ် (၄၃) သန်းကျော် တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း

နမ္မတူ ဩဂုတ် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်မှ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃) ကျောင်းသို့ ငွေကျပ် (၄၃) သန်းကျော်တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် () နာရီ အချိန်ကစတင်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ် ပညာရေးမှူး ဦးစောဝင်းဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်၊ ဝင်မြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဦးစောလှမြင့်နှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ် အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၃) ကျောင်းမှ ဆရာဆရာမ (၁၇၀) ဦးအတွက် ဝတ်စုံ စရိတ်တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၅,၁၀၀,၀၀၀) ကျပ်အားလည်းကောင်း၊ ကျောင်းသားကျောင်းသူ (၃,၈၅၉) ဦးအတွက် တန်ဖိုးငွေကျပ် (၃၈,၁၀၇,၃၉၈) ကျပ်ရှိ ခဲတံ (၃,၈၅၉) ဒါဇင်၊ ဗလာစာအုပ် (၂,၁၆၆)ဒါဇင်၊ လေးကြောင်းမျဉ်းစာအုပ် (၁,၆၉၃)ဒါဇင်၊ ဘောပင် (၄,၃၃၂)ထုပ်နှင့် Pencil Bag (၃,၈၅၉) အိတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၃,၂၀၇,၃၉၈)ကျပ်ရှိ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများအား သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်း၍ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူဦးရေအလိုက် ခွဲဝေပေးအပ်လှူဒါန်းခဲ့ကြောင်း  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)